Italian Opening

Italian Opening


Main Idea

        Italian Opening ရဲ့ အဓိကရည်ရွယ်ချက်ကတော့ တစ်ဖက်လူရဲ့ weak f-pawn ကို Bishop နဲ့ ချိန်ထားဖို့ဖြစ်ပြီး ခိုင်မာတဲ့ position ရအောင်ပဲ ဖြစ်ပါတယ်။
  1.e4 e5 2.Nf3 Nc6 3.Bc4 ဖြစ်ပါတယ်။ Italian Opening သည် theory များသော Opening ဖြစ်ပြီး၊ theory ကိုပိုနားလည်သောသူက ပိုသာပါတယ်။ ဒါကြောင့်ဒီ blog မှာ theory ပိုင်းကိုအများဆုံး ရေးထားပါတယ်။

Variation

1. Guioco Pianissimo(1.e4 e5 2.Nf3 Nc6 3.Bc4 Bc5 4.d3)

ဒီလိုင်းခွဲက d3 ဆော့ပြီး e-pawn ကိုလည်း support ပေးသလို light-squared bishop ကိုလည်းဖွင့်ပြီးသားဖြစ်ပါတယ်။ Centre ကို control နိုင်ဖို့ဖြစ်ပြီး၊ king side castling လုပ်ဖို့ရည်ရွယ်ပါတယ်။ ဒီလိုင်းခွဲက ခိုင်မာသော position ကိုရည်ရွယ်ပြီး၊ agressive players တွေအတွက် အဆင်မပြေပါဘူး။ Pieces တွေအကုန်ထုတ်ပြီးသွားရင် pawn break အတွက်စဉ်းစားသင့်ပါတယ်။ Light-squared bishop ကို e3 သို့မဟုတ် g5 မှာထားလို့ရပါတယ်။

2. The two knights defense(1.e4 e5 2.Nf3 Nc6 3.Bc4 Nf6)

ဒီ position ကိုတိုက်ဖို့ကောင်းတာကတော့Fried Liver Attack လို့ခေါ်ပါတယ်။ တစ်ချို့ကောင်းတဲ့ဟာတွေလည်းရှိပါသေးတယ်။ ဒီ website မှာ​ထပ်တင်ပေးဉီးမှာဖြစ်လို့စောင့်ကြည့်ပေးပါဉီး။ အဖြူသမားက 4.d3 ဆော့ပြီး အပေါ်ကလိုင်းခွဲလိုပဲ ခိုင်မာသော position ရအောင်ဆော့လို့လည်းရပါတယ်။ အနက်သမားကတော့ 4... Bc5 သို့မဟုတ် 4... Be7 ဆော့လို့ရတယ်။


3. Evans Gambit(1.e4 e5 2.Nf3 Nc6 3.Bc4 Bc5 4.b4)

Aggressive ဖြစ်တဲ့ player တွေအတွက်ပါ။ Gambit ဆိုတဲ့အတိုင်း b-pawn ကိုချကျွေးလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Bishop နဲ့ b-pawn ကိုစားရင် c3 တက်ပြီး Bishop ကို attack, ပြီးရင် castling လုပ်၊ d4 တွန်းပေါ့။ Qb3 ဆော့ပြီးလည်းတိုက်လို့ရပါတယ်။

4. Guioco Piano 4.c3(1.e4 e5 2.Nf3 Nc6 3.Bc4 Bc5 4.c3)

ဒီလိုင်းခွဲက အနက်သမားအတွက် ဒုက္ခအပေးဆုံးပါ။ နောက်တစ်ကွက်ကျ d4 တွန်းမှာဆိုတော့ ဘာလုပ်ရမှန်းမသိဖြစ်တတ်ပါတယ်။ တော်တော်များများလုပ်တဲ့အမှားက 4...d5 ဆော့ကြတာများပါတယ်။ best move က 4...Nf6 ပါ။ Bg5 pin ကို​ကြောက်ပြီး h3 မတက်ပါနဲ့။ အဲ့ move ကကောင်းပါတယ် ဒါမယ့် နည်းနည်းတော့နိမ့်သွားမယ်ဗျ။

Theory

1. Bishop pin

Player တော်တော်များများက Bishop g5 မှာလာ pin မှာကြောက်ပြီး h3 တွန်းထားတာ တွေ့ရပါတယ်။ အဲ့တာက လုံးဝကြီးမကောင်းတာတော့မဟုတ်ပေမယ့် အဲ့ထက်ကောင်းတဲ့ move တွေရှိပါတယ်။
ဒါက Scandinavian မှာအတွေ့များတဲ့ position ပဲ ဖြစ်ပါတယ်။ အာရုံလည်းနောက်ပါတယ်။ white to move ပါ။ 5.Bc4 ဖြစ်ပါတယ်။ သာမန် player တွေဆို 5...Nf6 or 5...Nc6 ဆော့ပါတယ်။ အဲ့ကျရင် 6.Bxf7+! 6...Kxf7 7.Ne5+ ပြီး bishop ကိုပြန်ယူပေါ့။
Black to move ပါ။ အဖြူသမားက pin တာစောပါတယ်။ castling လုပ်ပြီးမှ pin ရတာပါ။ အနက်သမားအ​နေနဲ့ h6 g5 တွန်းပြီး king side ကိုတိုက်ရပါမယ်။ King ကိုတော့ 0-0-0 လုပ်ရင်လည်းအဆင်ပြေပါတယ်။ အဲ့တာကြောင့် တစ်ဖက်လူ castling မလုပ်ရသေးရင် pin တာမကောင်းပါဘူး။

2. Ng5 problem

Italian Opening နဲ့တွေ့ရင် Ng5 ကိုအဖြူသမားဆော့တာ တကယ်အာရုံနောက်ပါတယ်။ ဘာလုပ်ရမလဲမသိတော့ဘူးလေ။ Beginner တွေက d-pawn ကိုရှေ့တက်ပြီး counter ပါတယ်။ တကယ်တော့ ဒါက mistake ပါ။

ဒီ position မှာ beginner တွေက Be6 တို့ d5 တို့ဆော့ကြပါတယ်။ ဒါမယ့် Nh6 ဆော့တာက best move ပါ။

ဒီ position မှာကျတော့ Knight ကလည်းထုတ်ပြီးပြီ၊ ဘယ်လို counter ရမလဲ။ လွယ်ပါတယ်။ castling လုပ်ပါ။ beginner တွေက rook နဲ့ 2 minor pieces တွေကိုမလဲချင်ပါဘူး၊ ဘာလို့လဲဆိုတော့ rook က ပိုကောင်းတယ်လို့ထင်လို့ပါ၊ တကယ်တော့ 2 minor pieces က ပိုကောင်းပါတယ်။ တစ်ဖက်လူရဲ့ bishop pair လည်းရပြီးသားဖြစ်တယ်လေ။


Traps

Trap 1 (white)
1. e4 e5 2. Nf3 Nc6 3. Bc4 Bc5 4. Nc3 Nf6 5. d3 d6 6. Bg5 h6 7. Bxf6 Qxf6 8. Nd5
Qd8 9. c3 Be6 10. d4 exd4 11. cxd4 Bb6 12. Nxb6 axb6 13. d5 
11...Bxd5 ဆို 12. exd5
12...Bb4+ ဆို 13. Kf1 Ne7 14. Qa4+

Trap 2 (Black)
1. e4 e5 2. Nf3 Nc6 3. Bc4 Nd4 4. Nxe5 Qg5 5. Nxf7 Qxg2 6. Rf1 Qxe4+ 7. Be2 Nf3#

Tournaments

Comments

Popular posts from this blog

Open file

Philidor Position