Open file

Open file ဆိုတာ pawn တွေမရှိတဲ့ဒေါင်လိုက်အလျားကိုခေါ်ပါတယ်။ e-file, d-file စသည်ဖြင့်ခေါ်ပါတယ်။ e-file နဲ့ d-file က အရေးကြီးဆုံးဖြစ်ပါတယ်။ များသောအားဖြင့် file တွေကို rook နဲ့ထိန်းတာများပါတယ်။

ဒီ position မှာ အဖြူသာပါတယ်။ ဘာလို့လဲဆိုတော့ အဖြူ rook က အနက် rook ထက် ပို active ဖြစ်ပြီး၊ အရေးကြီးတဲ့ e-file က square တွေကိုလည်းထိန်းထားပါတယ်။ ဘာလို့အဖြူက file တစ်ခုရတာနဲ့ သာသွားတာလဲ။ file ရလို့သာတာမဟုတ်ပါဘူး။ အနက်သမားရဲ့ e7-square ကိုသွားနိုင်လို့ပဲ ဖြစ်ပါတယ်။
ဒီလို position မှာ rook က e7-square ကိုမသွားနိုင်တဲ့အတွက် equal လောက်ပါပဲ။ theory အရ rook တွေက တစ်ဖက် player ရဲ့ seventh rank မှာရှိရင်သာပါတယ်။


Comments

Popular posts from this blog

Italian Opening

Philidor Position