imbalances

Imbalance ဆိုတာဘာလဲ

Imbalance ဆိုတာ နာမည်အတိုင်း မတူညီတာတွေကိုပြောတာပါ။ position ကိုကြည့်လိုက်ရင် ကိုယ်က ဘယ်နေရာ weak နေတယ်၊ ဘယ်နေရာက strong ဖြစ်နေလဲ။ weak pawn တွေရှိလား (isolated pawn, double pawn, backward pawn စတာတွေကို Weak Pawn လို့ခေါ်ပါတယ်)။ ကိုယ့်ရဲ့အားသာချက်ကဘာလဲ၊ တစ်ဖက်လူရဲ့ အားသာချက်ကဘာလဲ။ အဲ့ဒါတွေကိုစဉ်းစားပြီး ဆော့ရင် chess မှာ positional ကျကျဆော့တတ်မှာပဲ ဖြစ်ပါတယ်။ ဉပမာ
Black to move

ဒီ position မှာ Imbalance တွေရှာကြည့်ရအောင်။ white ရဲ့ advantages တွေရှာကြည့်ကြရအောင်။ 1. အဖြူ rook က အနက် queen နဲ့ file တစ်ခုတည်းမှာရှိတယ်။ Knight ရွေ့ရင် Bishop နဲ့ check ပြီး Queen ကိုစားလို့ရတယ်။ 2. Kingside မှာလာတိုက်မယ့်ကောင်တွေမရှိဘူး။ ကျွန်တော်ကတော့ဒီလောက်ပဲတွေ့တယ်၊ ရှိသေးရင် comment မှာရေးပေးခဲ့ကြပါ။ Disadvantages တွေကိုကြည့်ရအောင်၊ white မှာ 1. weak pawns တွေရှိတယ်။ 2. Dark-squared bishop က pawn နဲ့ပိတ်နေတယ်။ 3. Rook တစ်ခုက active မဖြစ်ဘူး။ 4. Queen သိပ် active မဖြစ်ဘူး။

Black ဘက်ကိုကြည့်ရအောင်၊ advantages အနေနဲ့၊ 1. Queen active ဖြစ်တယ်၊ 2. Pawn structure ခိုင်မာတယ်။ 3. Light-squared bishop ကောင်းတယ်။ 4. King နည်းနည်း safe မဖြစ်ဘူး။ အဲ့တော့ အဖြူမှာ c3 weak pawn တစ်ခုရှိတယ်။ အဲ့ pawn ကို Queen နဲ့ပဲချိန်နိုင်တယ်။ Rook ချိန်ထားတာကိုလည်းရှောင်ပြီးသား၊ pawn ကိုလည်းချိန်ပြီးသားဖြစ်မယ်။ Knight လည်း active ဖြစ်တဲ့ square ကိုသွားလို့ရမယ်။

ဒါက Imbalance ဆိုတာကိုမသိသေးသောသူများအတွက်ပါ။ 

Comments

Popular posts from this blog

Italian Opening

Open file

Philidor Position