Opposition

Opposition ဆိုတာဘာလဲ။

Opposition ဆိုတာဒီပုံထဲက ပြထားတဲ့အတိုင်း၊ White king နဲ့ Black king မျက်နှာချင်းဆိုင်နေတာကိုပြောတာပါ။ ဒီ position မှာ အနက်က ရွေ့ရမယ်ဆို အဖြူသမားက opposition ရတယ်လို့ခေါ်ပါတယ်။ အဖြူလည်းအဲ့လိုပါပဲ။ ပြောရရင် two kings မျက်နှာချင်းဆိုင် position ဖြစ်အောင်လုပ်တဲ့သူက opposition ရတယ်လို့ခေါ်ပါတယ်။ ဆိုတော့၊ အဲ့လိုဖြစ်တော့ ဘာလုပ်ရမှာလဲ။

Opposition က Pawn vs King endgame မှာ အရမ်းအရေးကြီးပါတယ်။ 
ဒီ position မှာ သင်ဆိုဘာလုပ်မလဲ။ 1. Kd5!
1. Kd5 Kc8 2. Kc6 Kd8 3. Kd6 Ke8 4. Kc7 Kf8 5. d5 Kg7 6. d6 Kg6 

Black king နဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင်လုပ်လိုက်တဲ့အတွက်၊ king ရှေ့တက်မလာအောင်ကာကွယ်ပေးပါတယ်။ Opposition ဆိုတာ ကိုယ့် pawn ရှေ့တက်မယ့်လမ်းကို King နဲ့ control ထားတာပဲ ဖြစ်ပါတယ်။ အဲ့လို control ဖို့ဆိုရင် မျက်နှာချင်းဆိုင်ဖြစ်အောင်အရင်လုပ်ရပါတယ်။ တစ်ဖက် player ရဲ့ King ကိုဘေးကိုထွက်သွားပြီဆိုမှ ဆန့်ကျင်ဘက်ဘေးကိုသွားပြီး pawn အတွက်လမ်းရှင်းပေးတာပဲ ဖြစ်ပါတယ်။ 1. Kd5 မဟုတ်ပဲ pawn ရှေ့ကိုတက်မယ်ဆိုရင်တော့ draw ပါပဲ။

ဒါကတော့ နီးနီးလေးမလို့၊ King နှစ်ကောင်ဝေးနေရင် ဘယ်လိုလုပ်မလဲ။
ဒီ position မှာ King တွေက ဝေးနေပြီ၊ ဘယ်လိုတွက်မလဲ။ King တွေကြားက Square အကွာအဝေးကိုတိုင်းပါ။ ရေကြည့်ရအောင်၊ 6 ခုရှိပါတယ်။ အလှည့်ကအဖြူရွေ့ဖြစ်ပါတယ်။ အဝေးက opposition ရဖို့ဆိုရင် square အကွာအဝေးကို မဂဏန်းဖြစ်အောင်လုပ်နိုင်ရင် ရပါတယ်။ Square အကွာအဝေးက 6 ခုရှိတော့ 1. Ka2 ရွေ့လိုက်တဲ့အခါ အကွာအဝေးက မဂဏန်းဖြစ်သွားပါတယ်။ အဖြူသမား opposition ရပါတယ်။

1. Ka2 Kb7 2. Kb3 Kc8 3. Kc4 Kd8 4. Kd4 Ke8 5. Ke4 Kf7 6. Kf5 Kg7 7. Ke6 Kf8 8.
f4 Ke8 9. f5 Kd8 10. Kf6 Ke8 11. Kg7 Kd8 12. f6 


အချိတ်အဆက်မရှိတဲ့ King တွေဆိုရင်ရော?
ဒီ position မှာ အဖြူသမားက 1. Kb2 ရွေ့လိုက်ပါတယ်။ အဖြူသမား opposition ရပါတယ်။ ဘာလို့လဲဆိုတော့ အောက်က ပုံထဲကအတိုင်း စတုရန်း တစ်ခုဆွဲရအောင်၊ King တွေရှိတဲ့နေရာအပေါ်မူတည်ပြီး၊ 1. Kb2 ရွေ့လိုက်တဲ့အခါ စတုဂံရဲ့ထောင့်တွေဖြစ်တဲ့ b2, b8, f8, f2 တွေက dark-square တွေဖြစ်သွားပါတယ်။ အဲ့လို ဖြစ်သွားတဲ့အခါ opposition ကိုအဖြူကရသွားပါတယ်။ အလွယ်ပြောမယ်ဆို တစ်ဖက် player king ရှိတဲ့ square အရောင်လိုက်ရွေ့ပေါ့။

Comments

Popular posts from this blog

Italian Opening

Open file

Philidor Position