Opening Principles


အဖွင့် ပိုင်း သိသင့်တဲ့အချက် များ
ဗဟိုကိုဉီးတည်မယ်

ဗဟိုကိုဉီးတည်ပြီးကစားကောင်တွေကိုထုတ် သင့်ပါတယ် 64ကွက် လုံးမှာအရေးကြီးဆုံးကဗဟိုအကွက်တွေဖြစ်တဲ့ E4 D4 E5 D5 ပါ 

ဗဟိုလေးကွက်ထဲမှာ ကစားရုပ် တွေက ပိုပြီး အားကာင်းတယ်‌ေပြာနိုင်ပါတယ်

ဉပမာ: Kingမျက်နှာချင်းဆိုင်ပွန်း‌ေရွှ့ကွက် e4 e5

E4: ပွန်းကို e4မှာထားချင်းအားဖြင့့် ဗဟိုအကွက် e4မှာနရာချပြီး d5ကိုချိန်ထားတာကိုတွေ့ရပါတယ်

E5: ပွန်းကို e5မှာထားချင်းအားဖြင့့် ဗဟိုအကွက် e5မှာနရာချပြီး d4ကိုချိန်ထားတာကိုတွေ့ရပါတယ်။

ကစားရုပ်ထုတ် + အချိန်မဖြုန်းနဲ့

မှန်ပါတယ် ပွန်းမ‌ ‌ေ‌ရွှ့ဘဲကစားရုပ်ထုတ်လို့မရပါဘူး
ဒါပေမဲ့Chessမှာပွန်းတွေနဲ့ပဲတိုက်စစ်ကစားလို့မရသလို
ပွန်းပဲထိုင်ရွှေ့ပြီး ခံစစ်‌ကစားလို့မရပါဘူး
အဲ့တာကြောင့်ကစားရုပ်ထုတ်ဖို့အရေးကြီးပါတယ်

မလိုဘဲ ပွန်းရွှေ့တာမှအချိန်ဖြုန်းတာမဟုတ်ပါဘူး
မလိုဘဲနဲ့ထုတ်ပြီးသားကစားကောင်ကိုရွှေ့တာလည်းအချိန်ဖြုန်းတာပါဘဲ 
ဉပမာ: Bishop Opening
 e4  ဗဟိုလည်းဉီးတည်တယ် ဘုန်းကြီးနဲ့ဘုရင်မထွက်ဖို့ လိုင်းလည်းဖွင့်တယ်
e5 သူလည်းတူတူဘဲ
Bc4 ဘုန်းကြီးကို ဗဟိုဉီးတည်ထုတ်မယ်
Nf6 မြင်းကို ဗဟိုဉီးတည်ထုတ်တယ်

အခုလို အနေထားမှာနှစ်ဖက်လုံးက အချိန်မဖြုန်းဘဲ အကောင်၁‌ေကာင်စီထုတ်နေတယ် 
အဖြူအလှည့်ရောက်ပီ
Bb3 ရွှေ့မယ် အချိန်းဖြုန်းလိုက်ပြီ
Nc6အမဲကဆော့ရင်အဖြူထက်အားသာသွားပြီ
သူ့မှာတိုက်ဖို့ ၂ကောင်ရှိနေပြီ 
အဖြူကအခုထိတကောင်ဘဲထုတ်ရသေးတယ်
ကျွန်တော်ပြချင်တာကိုတွေ့လား

ဘုရင်မကိုအရှေ့တန်းစောစောစီးစီးထုတ်တာလည်းအချိန်ဖြန်းတာဘဲ
ဘုရင်မကို ပြိုင်ဘက် ဖက်က မြင်းဒါမှမဟုတ် ဘုန်းကြီးနဲ့တိုက်ရင် ပြန်ရွှေ့ရမှာ
နောက်‌တကောင်နဲ့ဆက်တိုက်လည်း ဘုရင်မကြီးဘဲပြန် ရွှေ့ရတယ်
အဲ့မှာ အကောင်ထုတ်တာ ၃ကောင် ၁ကောင်ဖြစ်ကော

အကောင်ထုတ်နှုန်းကဘာလို့ အရေးကြီး လည်းဆိုတာ စောစာက ပြောခဲ့သလို တိုက်စစ်ခံစစ် အတွက်လိုတယ်
နောက်တခုက ဘုရင်ကို Castling(ဘုရင်-ရထား ပြောင်းရွှေ့ချင်း) လုပ်ဖို့အချိန်ပိုမြန်တယ်
Castlingကအရေးကြီးပါတယ် ဘယ်လောက်တိုက်စစ်ကောင်းကောင်း ဘုရင် သေရင်ရှုံးတာပါဘဲ
ဘုရင်လုံခြုံမှုလည်းအရးကြီးပါတယ်

တက်နိုင်သမျှ မြန်မြန် Castling လုပ်ပါ။

အကျင်းခြုံ့ ပြောရရင်
အဖွင့််ပိုင်းမှာ 
၁-ဗဟိုဉီးတည်မယ်
၂-အချိန်မဖြုန်းနဲ့
၃-အကောင်ထုတ်မယ်
၄-ဘုရင်ကိုလုံခြုံအောင်ထားမယ်

Crd - Swan Htet

Comments

Popular posts from this blog

Italian Opening

Open file

Philidor Position